Events

အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ အရည်အသွေးမြင့်ဝါမျိုးစေ့တင်ပို့နိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး

Updated At: 2025-09-02 17:36:27

1

         မြန်မာနိုင်ငံသို့ အိန္ဒိယနိုင်ငံမှ အရည်အသွေးမြင့် ဝါမျိုးစေ့တင်သွင်းနိုင်မှုအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရန် ဒုတိယအကြိမ်ညှိနှိုင်းသည့်အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ အစည်းအဝေးခန်းမတွင် virtual စနစ်ဖြင့် ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းနှင့် တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံ၊ ကော်လ်ကတ္တားမြို့နှင့် နယူးဒေလီမြို့တို့မှ မြန်မာစီးပွားရေးသံမှူးများ၊ မြန်မာနိုင်ငံဝါနှင့် ဝါထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းနှင့်   အိန္ဒိယနိုင်ငံ၊ International Federation of Business Intellectuals and Changemakers (IFBIC) မှ တာဝန်ရှိသူများ စုစုပေါင်း ၂၅ ဦးခန့် တက်ရောက်ခဲ့ပါသည်။

              ညှိနှိုင်းအစည်းအဝေးတွင် မြန်မာနိုင်ငံသို့ ဝါမျိုးစေ့တင်သွင်းနိုင်ရေးအတွက် လိုအပ်သည့်ကိစ္စရပ်များ၊ အိန္ဒိယနိုင်ငံမှ ဝါမျိုးစေ့များကို တင်သွင်းနိုင်ရေးအတွက် ပံ့ပိုးပေးမည့်ကိစ္စ ရပ်များ မြန်မာနိုင်ငံတွင် ဝါစိုက်ပျိုးပါက လိုအပ်သည့်နည်းပညာအကူအညီများကို အိန္ဒိယနိုင်ငံမှ ပံ့ပိုးပေးရန်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး၊ အစည်းအဝေးကို ၁၂:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

Event Details

Date
2nd September 2025
Location
Office No 3 Ministry of Commerce Nay Pyi Taw
Website
www.myantrade.gov.mm

More Events